ဖက်ပေါ်မှာ ဆူးကျရင် ဆူးတုးံတယ်(ဟာသ)

မောင်ဖြူနဲ့ မောင်မဲ တစ်နေ့ စကားပုံတစ်ခုကို အငြင်းအခုံ ဖြစ်နေကြသည်။

မောင်ဖြူ။ ။ဖက်ပေါ်မှာ ဆူးကျရင်လည်း ဖက်ပေါက်တယ်။ဆူးပေါ်မှာ ဖက်ကျရင်လည်း ဖက်ပေါက်တယ်တဲ့။

မောင်မဲ ။ ။တကယ်တော့ အဲဒီစကားပုံက မှားနေတယ်။အဲလို မဟုတ်ဘူးဗျာ။ဖက်ပေါ်မှာ ဆူးကျလည်း ဆူးကတုးံတယ်။

ဆူးပေါ်မှာ ဖက်ကျလဲ ဖက်က တုးံတာပဲ။

မောင်ဖြူ။ ။ဟာ..ဘာဆိုင်လို့လဲ ဖက်ပဲ ပေါက်မှာပေါ့။

မောင်မဲ။ ။အဲလိုမဟုတ်ပါဘူးဆို။ဖက်က နဂိုကတည်းက အပေါက်ကြီးလေ အချွန်ကြီးဖြစ်တဲ့ ဆူးကပဲ တုးံမှာပေါ့။(ခိုင်ကျော်ဆန်း)

လေတွေတိုက်တိုင်း(ဟာသ)

တစ်နေ့မောင်ဖြူက အဆိုတော် ကိုလင်းလင်းဆိုထားတဲ့ လေတွေတိုက်တိုင်း သီချင်းလေးကို အသံထွက်ပြီး သီချင်းဆိုနေသည်။”လေတွေတိုက်တိုင်း လေတွေတိုက်တိုင်း”သူရတဲ့ စာသားလေးတွေကိုပဲ ဆိုနေမိတယ်။

မောင်မဲ။ ။ ဒါကို မောင်မဲက ကြားတော့ နားညီးလွန်းလို့ မနေနိုင်တော့ပဲ “လေတွေတိုက်တိုင်း လေတွေတိုက်တိုင်းပဲ ဆိုနေရအောင် မင်းအမေ နောက်လင်ရလားလို့ မေးလိုက်တယ်။

မောင်ဖြူ။ ။မဟုတ်ပါဘူးဗျာ.လေတွေတိုက်တိုင်းပြီးနောက် မုန်တိုင်းလာမှာကို တွေးပြီး ဆိုနေမိတာပါ။
မောင်မဲ။ ။လေတိုက်ပြီးတိုင်း မုန်တိုင်းလာတာ ဘာထူးဆန်းလို့လဲ။

မောင်ဖြူ။ ။ထူးဆန်းတာပေါ့။မုန်တိုင်းလာတော့ ဘဂ်လားဒေ့ရှ်နိုင်ငံကို မုန်တိုင်းဝင်ပြီလေ။ဒါမှ လူဦးရေ ပေါများမှုကို ကာကွယ်နိုင်မှာလေ။
မောင်မဲ။ ။တော်တော်ကောင်းတဲ့ အကြံဆုတောင်းပဲ။ ငါလည်း “လေတွေတိုက်တိုင်း” သီချင်းပဲ အော်ဆိုတော့မယ်။(ခိုင်ကျော်ဆန်း)