ဒေါ်စုကြည်အတွက် အိတ်ဖွင့်ပေးစာ

ဒေါ်စုကြည်ကတော့ မွတ်ဆလင်လူမျိုးတွေအတွက် မြန်မာနိုင်ငံမှာ လုံခြုံမှုမရှိဘူးဆိုပဲ။လူအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်တဲ့။ ဒေါ်စုက ဘာတွေများ သိထားလို့ ဒီလိုစကားမျိုး ပြောတာလဲတော့ မသိဘူး။ရခိုင်-ကုလား ပဋိပက္ခ၊ဗမာ-ကုလားပဋိပက္ခတွေ ဖြစ်နေတာ ဖြစ်ခဲ့တာတွေဟာ ဘယ်လူမျိုးတွေက စပြီး ရန်စလို့ ဖြစ်တာလဲ ဆိုတာ နည်းနည်းပါးပါးတော့ လေ့လာပြီးမှ ပြောစေချင်တယ်။မြန်မာနိုင်ငံဟာ ဘယ်လူမျိုးတွေ ပိုင်တဲ့နိုင်ငံလဲ။ပြီးခဲ့တဲ့သင်္ကြန်တုန်းက ကျွန်တော်တို့မြန်မာလူမျိုးတွေ စိုးရိမ်စိတ်များစွာနဲ့ ရင်တစ်ထိတ်ထိတ်ဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွဲခဲ့ကြရတယ်။ကိုယ်တိုင်းပြည်မှာ ကိုယ်ရိုးရာပွဲတော်တွေကို လွတ်လွတ်လပ်လပ် မဆင်နွဲခဲ့ရဘူး။ဘယ်က ဗုးံဖောက်မယ် ဘယ်နေရာက အက်ဆေးနဲ့ ပက်မယ်ဆိုပြီးတော့ တွေးကြောက်နေခဲ့ကြရတယ်။ဒါတွေကို ဒေါ်စု သိစေချင်ပါတယ်။တစ်လောက အင်ဒိုနီးရှားနိုင်ငံ ဒုက္ခသည်စခန်းတစ်ခုမှာ မြန်မာ ၁၀ ယောက် ဘင်္ဂလီတွေရဲ့ အသတ်ဖြတ်ခံလိုက်ရတယ် ဆိုတဲ့သတင်းရော ကြားပြီလား။မလေးရှားမှာ မလေးသူတွေကို မြန်မာတွေက မုဒိန်းကျင့် ပြီး လည်ပင်းလှီးဖြတ် သတ်ပစ်တယ်လို့ ဒေါ်စုအနေနဲ့ြ့ကားဖူးပါသလား။ဘင်္ဂလားဒေ့ရှ်မှာ မွတ်ဆလင်မော်လဗီတွေကို မြန်မာတွေက မိတ္တိလာမှာ မြန်မာဘုန်းတော်ကြီး အသတ်ခံရသလိုမျိုး ဘင်္ဂလီမော်လဗီတွေကို သတ်ဖြတ်လိုက်တယ်လို့ ဒေါ်စု မြင်ဖူးပါသလား။ဒေါ်စုကြည် နိုင်ငံရေးလုပ်နေတယ်ဆိုတာ ဒါလား။ကျွန်တော်သိသလောက်တော့ နိုင်ငံရေးလုပ်တဲ့သူတွေဟာ နိုင်ငံကို ချစ်လို့ နိုင်ငံသူ၊နိုင်ငံသားတွေကိုချစ်လို့ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ တိုးတက်စေချင်လို့ ခိုင်မာသော မျိုးချစ်စိတ်ဓာတ်တွေကြောင့် နိုင်ငံရေးလုပ်ကြတယ်လို့ ထင်ထားတာ။အခုတော့ဗျာ အထင်နဲ့အမြင် တက်တက်စင် လွဲသွားတာပဲ။တကယ်တော့ ဒေါ်စုလုပ်နေတဲ့ နိုင်ငံရေးက တိုင်းပြည်ကို ချစ်လို့ နိုင်ငံသား တိုင်းရင်းသားတွေကို ချစ်လို့လုပ်တဲ့ နိုင်ငံရေးမှ မဟုတ်ပဲ။နိုင်ငံရေးလုပ်စားတာပါပဲလို့ ကွက်ကွက်ကွင်းကွင်း မြင်လာတယ်။ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ကာကွယ်မယ်ဆိုတဲ့ မျိုးချစ်စိတ် တစ်စက်လေများ မရှိလေဘူးလား မသိဘူး။ဘာသာခြား လူမျိုးခြား တိုင်းတစ်ပါးက မတရားခိုးဝင်ပြီးဝင်ရောက်လာတဲ့ ဘင်္ဂလီမွတ်ဆလင်ဘက်ကနေပြီး အစဉ်တစိုက် ကာပြီး ပြောနေတာဟာ စဉ်းစားစရာတွေ တစ်ပုံကြီးပေါ်ပေါက်လာတယ်။အစတုန်းက ရွှေးကောက်ပွဲဝင်တုန်းက အခြေခံဥပဒေတွေ ပြင်မယ်။တိုင်းရင်းသား ရင်ကြားစေရေးတွေ လုပ်မယ် တန်းတူရေး၊တရားမျှတရေးတွေအတွက် တိုက်ပွဲဝင် မားမားမတ်မတ် ရပ်တည်ပြီး ဦးဆောင်လုပ်သွားမယ်လို့ ကြွေးကြော်ခဲ့တာတွေ အခု ဒေါ်စုလုပ်နေတာ ပြောနေတာတွေနဲ့ ဘာမှကို မဆိုင်တာတွေကို တွေ့မြင် ကြားနေရတယ်။ဒေါ်စု ဘာတွေများ လုပ်ပြီးသွားပြီလဲ။ကချင်-မြန်မာ စစ်ပွဲ ဒေါ်စုကြောင့် ရပ်တန့် သွားပြီလား။တိုင်းပြည်မှာ သေနတ်သံတွေ စဲသွားပြီလား။လက်ပံတောင် ကြေးနီစီမံကိန်း ဒေါ်စုကြည် ဦးဆောင်ဖြေရှင်းလို့ စီမံကိန်းရပ်ဆိုင်းထားလိုက်ပြီလား။ရခိုင်-ကုလား ပြသာနာ အေးချမ်းသွားပြီလား။အခြေခံဥပဒေတွေ ပြင်ဆင်ပြီးပြီလား တိုင်းရင်းသားတွေသမိုင်းတစ်လျှောက်တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌါန်းခွင့် ရသွားပြီလား။ဖယ်ဒရယ် ပြည်ထောင်စုရော တည်ဆောက်နိုင်ပြီလား။နောက်ထပ်မေးပါဦးမယ် ဘာတွေများ လုပ်ပြီးပြီလဲ ဒေါ်စုကြည်ရယ်။တစ်ခုတော့ တောင်းဆိုချင်ပါတယ်။ဒေါ်စု တစ်ခုခု ပြောမယ် လုပ်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မျက်နှာလေးတော့ ကြည့်ပေးပါ။တိုင်းရင်းသားတွေရဲ့ ဒေါ်စု အပေါ် ယုံကြည်အားကိုးစိတ်လေးတွေကို မြေခအောင် မလုပ်လိုက်ပါနဲ့ ။လူအခွင့်အရေး လူ့အခွင့်အရေးဆိုပြီးပဲ အသားကုန် အော်မနေပါနဲ့။ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေ လူအခွင့်အရေး ဆုးံရှုးံနေတာ တော်တော်ကြီးကို ကြာခဲ့ပါပြီ။တစ်ချိန်က ဖက်ဆစ်ဂျပန်လို့ ကျော်ကြားခဲ့တဲ့ ဂျပန်တွေတောင် သူတို့နိုင်ငံကို အနုမြူဗုးံ အကျဲခံရလို့ စစ်ကို ရွံရှာ မုန်းတီးခဲ့တာ အခုချိန်ထိပါပဲ။သမိုင်းတစ်လျှောက် သူတို့ နယ်ချဲ့ အနိုင်ယူခဲ့တာ သူတို့ထိမှကိုယ်ချင်းစာ တတ်သွားတာပါ။အခုလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၆၅ နှစ်တောင် ရှိသွားပါပြီ။တကယ်တော့ မြန်မာပြည်သူပြည်သားတွေ လွတ်လပ်ရေး မရသေးပါဘူး။လွတ်လပ်ရေးအရသာကို မခံစားဖူးသေးပါဘူး။ဒေါ်စုကြည် ပြောပြောနေတဲ့ လူအခွင့်အရေး သူတို့တွေ မသိသေးပါဘူး။ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်မျိုး တိုင်းရင်းသား ပြည်သူတွေအပေါ် ချစ်ခင်သနားတဲ့စိတ် စာနာထောက်ထားတဲ့စိတ် တစ်ဝက်လောက်ခန့် ရှိပေးပါ။နိုင်ငံတကာမှာ မြန်မာတွေ မျက်နှာငယ်ရမယ့်အဖြစ်မျိုး စကားမျိုးတော့ မသုးံလိုက်ပါနဲ့။ဘာသာသာသာနာကို ကာကွယ်လိုစိတ်လေးတော့ ရှိပေးပါ လို့ လေးလေးနက်နက် တောင်းဆိုချင်ပါတယ်။(ခိုင်ကျော်ဆန်း)

About khaingkyawsan009@gmail.com
I have Interest on Computer's Technique And I Like To listen Cold Songs.Listening To Song Is giving Relaxation For Me.I Feel,Listening To Songs Is Like Freedom။ I Think,Songs Can Give Portability In My Mind. I Created This Music Site On 11 January 2011 To Can Listen By Everyone.IF You Get New Songs,Please Send InTo My Mail.Thank You All.Coming AGain။

One Response to ဒေါ်စုကြည်အတွက် အိတ်ဖွင့်ပေးစာ

  1. Nyi Nyi says:

    nyinyi Good Morning we’can- nyinyi Min Kha Lar Par Nay Know Kya Par Lar
    nyinyi Nay Know Par Ta’

Comment များပေးနိုင်ပါသည်။သင်ပေးခဲ့သောComment များအား ဖျက်ပစ်လိမ့်မည်မဟုတ်ပါ။

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: