မုန်တိုင်း ဇာကိုရောက်(ဆောင်းပါး)

၂၀၀၃ ခုနှစ်လောက် ဖြစ်ဖို့ထင်ပါရေ။နိန့်ရက်ကို အတိအကျ ကကောင်းလည်းမမှတ်မိပါဗျာယ်။ အလုပ်ကိစ္စတစ်ခုဖြင့် စစ်တွေမှ ရန်ကုန်သို့ ထွက်လာဖြစ်ရေ။ရန်ကုန်ကိုရောက်စွာနန့် ရန်ကုန်မှာ အခြီချနိန်ထိုင်ရေ အကိုမိသားစုအိမ်မှာ တည်းဖြစ်တေ။သူရို့မှာက လင်မယားနှစ်ယောက်တည်း သားသမီးလည်း တစ်ယောက်လည်း မရတတ်ကတ်။မယားဖြစ်သူက တာမွေဈီးမှာ အထည်ဆိုင်ဖွင့်ထားပနာ ကျွန်တော့အကိုဖြစ်သူက တရားရုးံချုပ်ရှေ့နေတစ်ယောက်ဖြစ်ပါရေ။သူရို့လင်မယားနှစ်ယောက်မှာလည်း မိုးထက်တိုင်ကေ မယားသည်က ဆိုင်ဖွင့်လားပနာ လင်ဖြစ်သူကလည်း ရုးံတက်လားနန့် ညဇာသားရောက်မှ အိမ်မှာ ဆုံဖြစ်ကတ်တေ။

ကျွန်တော်ကလည်း ကိုယ့်ကိစ္စနန့် ကိုယ်လာစွာဖြစ်လို့ အိပ်ခါနီးတစ်ချိန်မှ တည်းခိုနိန်ရေ အကို အိမ်ကို ရောက်ဖြစ်တေ။ယင်းအခါကျမှ ဆယ်နှစ်လောက်ခွဲခွာနိန်ရေ အကိုနန့် စကားစမြည်ချေ ပြောဖြစ်ကတ်တေ။အများအားဖြင့်တော့ခါ ကိုယ်မွီးဖွားရာ ဇာတိဖြစ်တေ စစ်တွေမြို့နန့် ပတ်သတ်လို့ပါဗျာယ်လေ။ရခိုင်ပြည်မှာ မီးက တစ်နိန့်ကို ဇာနှစ်နာရီရလဲ။မီတာခက တစ်ယူနစ်ကို ဇာလောက်ပီးရလဲ။အိမ်ရှီ့က လမ်းက ကပ်တရာလမ်း ဖြစ်လားချဗျာယ်လား။နွီခါတိုင်ကေ ရီရှားသိမ့်လား။စစ်တွေတစ်မြို့လုးံသို့ ရီပီးဝေရေ ကန်တော်ကြီးကို အသစ် ပြန်လို့တူးပနာ လုပ်ထားဗျာယ်လား။ပွိုင့်ကိုလားကေ ၀င်ကြေး ပီးရသိမ့်လား အစုံပယေ။ရခိုင်ပြည်နန့် ပတ်သတ်လို့ သူသိလိုရေ အကြောင်းအရာတိကို မိန်းရေ။ကျွန်တော်ကလည်း သူသိလိုရေ အကြောင်းအရာတိကို ပြန်ပြောပြဖြစ်တေ။

တစ်နိန့် ကျွန်တော်နန့်သူ ကိစ္စတစ်ခုနန့် အပြင်ကိုတတူလားဖို့ကျပါလတ်တေ။ယင်းခါ တက္ကစီတစ်စီး ဌါးပနာ လားရေ။တက္ကစီမောင်းရေလူကတော့ ဗမာအမျိုးသားတစ်ယောက်ဖြစ်ပါရေ။ကားနန့်လားနိန်ယင့် မိုးတိ အုံးပါလတ်တေ။ယင်းအခါ ကျနော်အကိုက တက္ကစီသမားကို မြန်မြန်လေး မောင်းပေးပါ အကို။တော်ကြာ လမ်းမှာ မိုးမိနေမှာစိုးလို့ ဆိုပနာ ကားကို အရင်မောင်းခိုင်းလိုက်ပါရေ။အေအခါ တက္ကစီသမားက ဟုတ်ကဲ့ပါဗျာ။မြန်မြန်မောင်းပေးပါမယ်။ဒါပေမဲ့ ခက်တာက မြန်မြန်မောင်းချင်တိုင်း မောင်းလို့မရဘူးဖြစ်နေတယ်။လမ်းတိုင်းလိုလို ဂျိုင့်ခွက်တွေချည်းပဲ။ကားကို မနည်းထိန်းပြီး မောင်းနေရတာ။ကျွန်တော်အကိုက ကားသမားကို မိုးလေ၀သနန့်ပတ်သတ်လို့ သူသိထားရေ သတင်းတစ်ခုကို ပြောလိုက်ပါရေ။ မုန်တိုင်းရှိတယ်လို့ သတင်းကြားတယ်အကို။ကားသမားက ဟုတ်လား အကို။မုန်တိုင်း ရှိတယ်ဆိုရင်လည်း ဂရုစိုက်စရာ မလိုပါဘူးဗျာ။” အဲမုန်တိုင်းက ရခိုင်ဘက်ကိုပဲ သွားမှာပါဗျာတဲ့”။

ကျွန်တော့ စိတ်ထဲ ထောင်းခနဲ ဒေါသစိတ်ဝင်လားပါရေ။ဇာလေး ဝေ ဒေလူ။မုန်တိုင်းရှိစွာနန့် ရခိုင်ဘက်ကိုပဲ လားလိမ့်မေလတ်။ဒေသူ ဇာစကားပြောစွာလဲ။ဇာပိုင်မှတ်နိန်လဲကား မသိဆိုပနာ စိတ်ထဲမှာ ခံစားပနာ ဖြစ်ပေါ်လာရေ ခံစားချက်အတိုင်း ကားသမားကို ပြန်ပြောလိုက်မိပါရေ။ဟလို ကားဆရာ..ခင်ဗျားပြောတဲ့စကားက တစ်မျိုးကြီးပါလားဗျာ။မုန်တိုင်းရှိတယ်လို့ သတင်းကြားတယ်လို့ ပြောတာကို မုန်တိုင်းရှိတယ်ဆိုရင်လည်း အဲဒီမုန်တိုင်းက ရခိုင်ဘက်ကိုပဲ သွားပါလိမ့်မယ်တဲ့ ခင်ဗျားစကားက ဘာစကားလဲဗျာ။ခင်ဗျားကားကို စီးလာတဲ့လူတွေက ဘာလူမျိုးလဲဆိုတာ ခင်ဗျားသိလား။ကျွန်တော်တို့က ရခိုင်လူမျိုးတွေ။ခင်ဗျားပြောတဲ့ ပုံစံအတိုင်းဆိုရင် တက္ကစီစီးတာတောင် ရခိုင်လူမျိုးတွေမောင်းတဲ့ တက္ကစီကိုပဲ ရွေးပြီး ဌါးစီးရမယ့်ပုံပေါက်နေပြီ။ရခိုင်မှာ မုန်တိုင်းမကလို့ ဘာတွေပဲ ၀င်ဝင် ခင်ဗျားတို့နဲ့ မဆိုင်ဘူး အဲလိုသဘောမျိုးလားဗျာ။တက္ကစီသမားက အဲလို မဟုတ်ပါဘူးဗျာ။ကျွန်တော်က ဒီသဘောမျိုးပြောတာမဟုတ်ပါဘူး။စိုးရိမ်စရာမရှိဘူးဆိုတဲ့အကြောင်းကို ပြောပြတာပါ ခင်ဗျားတို့ကို ရခိုင်တွေလို့ မထင်မိလို့ပါဗျာ ဆိုပနာ ပြန်တောင်းပန်စကား ဆိုပါရေ။ကျွန်တော်ကလည်း အဲဒီမုန်တိုင်းက နေပြည်တော်ကို ၀င်မယ်လို့ သတင်းကြားတယ်ဗျာလို့ ထပ်ဆင့် ပြန်ပြောလိုက်ပါရေ။ကျွန်တော်အကိုက ကျွန်တော်ဒေါသဖြစ်နိန်မှန်း သိလို့ ကျွန်တော်ကို နောက်ထပ် မပြောဖို့ အရိပ်ပြလိုက်ပါရေ။ကျွန်တော်လည်း ကျွန်တော်အကိုစကားကို နားထောင်ရေသဘောမျိုးအရ ၄င်း၊ကားသမားနန့် ဆက်လို့ စကားများနိန်ကေ မဖြစ်သင့်ရေ ပြသနာတိ ဖြစ်လာကေ မကောင်းဆိုရေ အတွေးတိကြောင့် ၄င်း၊ထပ်လို့ မပြောပဲ တိန်းလို့ လိုက်ပါလတ်ပါရေ။

ဇာပင်ဖြစ်ဖြစ် ဗမာအချို့၏ ရင်တွင်းထဲမှာ ရခိုင်လူမျိုးတိ ဇာပင်ဖြစ်ဖြစ် ဇာအခက်အခဲနန့်ပင် ရင်ဆိုင်ရ ရင်ဆိုင်ရ ကိစ္စမရှိဆိုပနာ သဘောထားကတ်တေဆိုစွာ အထင်းသား ပေါ်လွင်လားပါရေ။ရခိုင်က ထွက်တေ သယံဇာတမှ အစ သားငါး ပုဇွန် ကျွန်းသစ်ကအဆုးံ မတော်မတရား ယူငင်ကတ်ပြီးကေ မုန်တိုင်းကိုကျကေ ရခိုင်ပြည်သူတိကပဲ ခံကတ်ဆိုရေ သဘောထားမျိုးပင်။ကကောင်း ကောက်ကျစ်လွန်းရေ လူသားမဆန်ရေစိတ်ဓာတ်တိပင် ဖြစ်ပါရေကား။

ရခိုင်လူမျိုးရို့၏ မုန်တိုင်းဘေးအန္တာရာယ်အသွယ်သွယ်ကို ကာကွယ်ဖို့ ရခိုင်ရိုးမတောင်တန်းကြီးက ကာဆီးပီးထားပါရေ။ယင်းရခိုင်ရိုးမတောင်တန်းကြီးကိုပင် ဗမာအာဏာပိုင်တိနန့် သူရို့နန့်ဆက်စပ်တေ စီးပွားရေးအရင်းရှင်တိက သစ်၊၀ါးတိကို ရိုးတောင်တစ်ခုလုးံ ပြုန်းကျလားအောာင် ခွတ်ပနာ ပြည်ပကို တင်ပို့ရောင်းချနိန်စွာ အဂုချိန်ဆိုကေရိုးမတောင်တစ်ခုလုးံ ပြုန်းလုးံလုးံ ဖြစ်နိန်ပါဗျာယ်။ယင်းပိုင်ဘေးအန္တာရာယ်အသွယ်သွယ် မုန်တိုင်းတိကို ကာကွယ်ပီးရေ ရိုးမတောင်ရှိ အပင်တိအားလုးံပြုန်းတီးအောင် လုပ်နိန်စွာရေ ရခိုင်ပြည်ရှိ ရခိုင်ပြည်သူလူထုတိဘက်ကို ဘေးအန္တာရာယ်တိ ကျရောက်အောင် လက်ယပ်ခေါ်နိန်ခြင်းနန့် သဏ္ဍာလားတူနိန်ပါရေ။ရခိုင်လူထုဘက်ကို ကျရောက်ဖို့ ဘေးအန္တာရာယ်မုန်တိုင်းတိကို ကာကွယ်ပီးရေ ရခိုင်ရိုးမတောင်တန်းကြီးလည်း အခုချိန်ဆိုကေ ရခိုင်လူမျိုးတိကို မားမားမတ်မတ်မရပ်တည်နိုင်လို့ စီးကျရေ မျက်ရည်များနန့် ရခိုင်လူထုတစ်ရပ်လုးံနန့်အတူ ရခိုင်ရိုးမတောင်တန်းကြီးလည်း ငိုရှိုက်နိန်ပါယင့်။”ရခိုင်ရိုးမသည် ရခိုင်ရို့၏ အသက်။ရခိုင်ရို့၏ အသဲနှလုးံ ဖြစ်သည်နာင့် အညီ ရခိုင်ရိုးမ ဟိနိန်သရွှီ့ ရခိုင်လူမျိုးလည်း တည်ဟိန့်ရမေ”ဆိုရေ ဆောင်ပုဒ်အတိုင်း ရခိုင်ရိုးမ မပျောက်ကွယ်လားအောင် ၀ိုင်းဝန်းထိန်းသိမ်းကာကွယ်ကတ်ပါဖို့လို့ တိုက်တွန်းရင်း နိဂုးံချုပ်လိုက်ပါရေ။(ရွှီမြောက်ဦး-ခိုင်ကျော်ဆန်း)

About khaingkyawsan009@gmail.com
I have Interest on Computer's Technique And I Like To listen Cold Songs.Listening To Song Is giving Relaxation For Me.I Feel,Listening To Songs Is Like Freedom။ I Think,Songs Can Give Portability In My Mind. I Created This Music Site On 11 January 2011 To Can Listen By Everyone.IF You Get New Songs,Please Send InTo My Mail.Thank You All.Coming AGain။

Comment များပေးနိုင်ပါသည်။သင်ပေးခဲ့သောComment များအား ဖျက်ပစ်လိမ့်မည်မဟုတ်ပါ။

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: