ရခိုင်ရှင်ပြုဓလေ့နှင့် ရတုဆိုပွဲ(ဆောင်းပါး)

ဘုရားရှင် လက်ထက်ကပင် ရှင်ပြုခွင့် ရရှိလာသည်မှ စ၍ ရှင်ပြုဓလေ့သည် ဗုဒ္ဓဘာသာဝင် လူမျိုးတို့တွင် ကုသိုလ်တော်ပွဲထူး တစ်ခုဖြစ်လာသည်။ မိဘများလည်း သာသနာ့အမွေပေးရာ ခံရာရောက်၍ မြင့်မြတ်သည် ဟု ယုံကြည်ကြသည်။ ရခိုင်ဘုရင်မင်းများလည်း ပဉ္ဇင်းတစ်ထောင်ခံပွဲများကို ပြု၍လည်းကောင်း၊ သာသနာ အတွက် ထောက်ပံ့ကူညီ လှူဒါန်းပြု၍ လည်းကောင်း၊ သာသနာ့ကရ၊ သာသနဒါယဒ၊ သာသနာ ဒါယပ၊ သာ သနာ့နုဂ္ဂဟူသော ဘွဲ့ထူးကို အမြတ်တနိုးခံယူခဲ့ကြကြောင်း ကျောက်စာတို့တွင် တွေ့ရှိနိုင်ပေသည်။

ရှင်ပြုအရွယ်ရောက်သူကို ရခိုင်က “ဗောင်းတင်ချေ” ဟုခေါ်လေသည်။ ရှင်ပြလိုသူများမှာ သာရဏဂုံသီလ၊ ရှင်ကျင့်ဝတ် စသည်တို့ကို ပီသစေရန် ကြိုတင်၍ ဆရာတော်ထံ လျှောက်ထားအပ်နှံကာ သင်ယူစေရသည်။
ရှင်လောင်းမှာလည်း ရှင်ပြုပွဲအတွက် မကျန်းမာခြင်းစသော ဘေးအန္တရာယ်အတွက် ကင်းရှင်းစေရန် ရေကူး၊ သစ်ပင်တက်၊ ခရီးဝေးသွားခြင်း အမှုတို့ကို ရှောင်ရသည်။ ဆရာတော်နှင့် နေ့ရက်ကောင်းကို သတ်မှတ်ပြီး ပရိက္ခရာများကို ကျောင်းသို့ပေးပို့ ထားရသည်။ ရှေးကဆိုလျှင် ပရိက္ခရာများမှာ သင်္ကန်းစုံအတွက် ပိတ်ဖျင် ကိုကိုက်ဖြတ်၍ လက်ဖြင့် အုပ်ချုပ်ခဲ့ကြရသည်။ သပိတ်မှာ မြေကိုလုပ်၍ မည်းနေစေအောင် မီးဖုတ်ထား ခြင်းဖြစ်သည်။ ထိုပရိက္ခရာ (ရှင်ရဟန်းအသုံးအဆာင်)များကို ရှင်မပြုမီ တစ်ရက်တွင် ဆရာဘုန်းတော်ကြီး ကျောင်းသို့ အခမ်းအနားဖြင့် သွားရောက်၍ ပင့်ပွဲပြုသည်။ တံခွန်၊ ကုက္ကား ကိုင်ဆောင်ကာ လူကြီးများက ရှေ့ဆောင်လျက် သွားရောက်ပြီး ဆရာတော်ထံမှ သီလခံယူ၍ ပင့်ဆောင်ကြလေသည်။

ရှင်လောင်းလှည့်ပွဲကို ပြုလုပ်သူများ ရှိခဲ့ကြသော်လည်း ယခုကား နည်းပါးသွားလေပြီ။ ရှင်လောင်းလည့်ပွဲ၌ သီဆိုသော ရတုများမှာ သျှိုးလိုက်ရတုဟူ၍ လည်းကောင်း ခေါ်တွင်ကြသည်။ ဗုဒ္ဓ၀င် တောထွက်ခန်းများကို စပ်ဆိုထားသော ကြိုးတန်းရတုများပင်တည်း။ နောက်၌ ထိုရတုကို ဖော်ပြပါအံ့။ တန်းခိုးဆရာထွန်းလည်း “ရှင်အာနိသန်နိဗ္ဗာန် မျက်ချစ် သာခြင်းသစ်” ဟူ၍ ရေးစပ်ဖွဲ့ဆိုခဲ့ပေသေးသည်။

နံနက်စောစော ရှင်လောင်းအား ရေမိုးချိုး၊ တောင်ရှည် ပုဆိုးဝတ်၊ ခေါင်းပေါင်း ဦးသျှောင်ဆင်မြန်းရသည်။ ဆင်မြန်းရာတွင် ၄င်း၏ အထက်နံဖြစ်သော စနေသားက ဦးခေါင်းကိုလည်းကောင်း၊ အောက်နံဖြစ်သော တနင်္လာသားက အ၀တ်တန်ဆာကို လည်းကောင်း ဆင်ရသည်။ ရေစင်အညွန့်ကိုလည်း မိမိမွေးနံ၏ အထက် ဖြစ်သော စနေ၊သောကြာ၊ကြသပတေးအညွှန့်တို့ကို ထည့်ရသည်။ ထို့နောက် သီလယူစေကာ ဘိသိတ်သွန်း မြှောက်သည်။ ရှင်ပြုမင်္ဂလာ မြှောက်သည်ဟုခေါ်သည်။ ရဟန်းသံဃာတော်များက မင်္ဂလာပွဲ အခမ်း အနား စီစဉ်ပုံမှာ ထိမ်းမြားမင်္ဂလာ (သမက်တက်မင်္ဂလာ) ပွဲနှင့် အတူပင်ဖြစ်သည်။

မင်္ဂလာပွဲပြုလုပ်နည်း

မင်္ဂလာမြှောက်ရန်အတွက် မင်္ဂလာထမင်းပွဲကို စီရင်ရသည်။ ပြုလုပ်ရာ၌ နှမ်းမဖြူးရသော ကောက်ညှင်း တစ်ပေါင်း၊ ကန်စွန်းမြောက်ဥ၊ ဂရင်ငှက်ပျောသီးနှစ်လုံး၊ ဘဲဥနှစ်လုံး၊ အကြေးခွံမခွာသော အကောင်လိုက် ငါးကန်သား ကောင်ကျိုးနှစ်ကောင်၊ ပုစွန်တုတ်အကောင်လိုက် နှစ်ကောင်တို့ကို အားလုံးချက်ပြုတ် ကြော် လှော်ပြီးသား ဖြစ်ရသည်။ ထိုကို မင်္ဂလာထမင်းပွဲ မနောလင်ပန်းတွင် ထည့်ရသည်။ ထမင်းပွဲ၏ လက်ယာ ဘက်တွင် မြောက်ညွန့်၊ သပြေညွန့်၊ အုန်းညွန့်၊ နှစ်ညွန့်စီပါသော ရေစင်အိုးနှစ်လုံး၊ လက်ဝဲဘက်မှာ ရွှေဖရုံ သီးနှစ်ပွဲ၊ ပုစွန်နှစ်ကောင် နှစ်ပွဲ၊ ငါးနှစ်ကောင် သို့မဟုတ် ကြက်သားအူစုံ သည်းစုံချက်သော ပွဲတစ်ပွဲ၊ စုစု ပေါင်း ဟင်းငါးခွက်ပါသော ဟင်းရံပွဲတစ်မျိုး ထားရသည်။

မင်္ဂလာထမင်းပွဲကို မင်္ဂလာစားပွဲခုံ (ရှေးကဆိုလျှင် ဒေါင်းလှန်) ရခိုင်အခေါ် ပွဲတင်ပေါ်တွင် သံရှင်စပါးများ ဖြန့်ခင်း၍ ငွေသားအစစ် ဒင်္ဂါးတစ်ကျပ်ကို အပေါ်ကတင်ထားသည်။ တချို့မှာ နင်းတားစရာ သံတိုသံစ သံ ပိုင်းများလည်း ချထားပါရှိလေသည်။ မင်္ဂလာပွဲနှင့် ဟင်းလျာများကို နေထားတကျ စီစဉ်ချပေးကြရသည်။ အကြောင်းမှာ ပြင်ဆင်ထားပြီးသော မင်္ဂလာပွဲကို နေရာရွေ့ခြင်း၊ ပြောင်းလဲခြင်း မပြုရတော့ချေ။ ချက်ပြုတ် ကြရသူများမှာလည်း အမျိုးသမီး အပျိုများချည်းသာ ဖြစ်ကြရလေသည်။ မင်္ဂလာမြှောက်စဉ် လူပျိုရံများက ၀ဲယာ သင့်ရာက ခြံရံ၍၊ ပရိတ်ချည် ၀ိုင်းပတ်ကာရံထားသော စည်းတွင်းက ရှိနေသည်။ ၀ဲယာထားရာ၌ ရှင် လောင်း တနင်္ဂနွေသားဖြစ်လျှင် ဓါတ်ဖက်တူ နံ(စနေ)သားကို လက်ယာရံထားရသည်။ မိတ်ဖက်တူသော နံ (ကြသပတေး)သားကို လက်ဝဲရံထားရသည်။ ပရိတ်ရွတ် မင်္ဂလာမြှောက် ဘိသိက်ရေ ပက်ဖျန်းပြီးလျှင် ပွဲရံမှ ထမင်းဟင်းငါးတို့ကို အနည်းဆုံး ခုနစ်လုတ်စီသော်လည်းကောင်း စားသောက်ကြရလေသည်။ လက်ဆေး ရန်နှင့် စားကြွင်းပစ်ရန် ထွေးအိုးအဖြစ် အသုံးပြုစရာ မြေအိုးသစ်များလည်း ထားရှိပေးရလေသည်။ ထို နောက် မိဘများက ဦးစွာလက်ဖွဲ့လေသဖြင့် ဦးချ၍ ခံယူရလေသည်။ ရှင်ပြုရန်မှာ နံနက်ဖြစ်စေ၊ နေ့လည် ဖြစ်စေ သတ်မှတ်ပြုနေကြရပေ၏။ ဆံချစဉ် အမိဖြစ်သူလည်းကောင်း၊ မိထွေးနှမ၊ အစ်မတို့ကလည်းကောင်း ဆံပင်ကို အ၀တ်ဖြင့် ခံယူကြလေ၏။

ရှင်ပြုပွဲတွင် ဓလေ့များအရ ရှင်လောင်းရွက်ပို့ခ၊ သင်္ကန်းထုပ်ထားခ၊ မာရ်နတ် မှောင့်(နှောက်ယှက်) ခတို့ အတွက် လူပျို၊ကျောင်းသား မင်းကျွန်တို့အား အသီးသီးပေး၍ ကျေနပ်စေရ၏။ ရှေးက ရှင်ပြုပွဲတွင် စည်တီး လေ့ရှိကြောင်းကို ထင်ရှားစေသည်ကား ပတ်တီးသာချင်းများက သက်သေခံနေပေ၏။

ရှင်စည်သံလေ ရှင်စည်သံ
စေတနာမြတ်မွန်၊ ရှင်စည်သံလေ
(ငါ့သားလှမောင်၊ ၀င်းဝင်းပြောင်
သင်္ကန်းလည်းဆီး၊ ရှုမငြီး)
မောင်ရှင်ကြီးလေ၊ ရှင်ကြီးလေ။

ရှင်ပြုပွဲတို့၌ စည်သံများမှာ မင်းပြားနယ်၊ မြောက်ဦးနယ်တို့၌ ထိန်းသိမ်းခဲ့ကြပေ၏။ ယခုဆိုလျှင် ရခိုင် ရိုးရာမပျက် ယဉ်ကျေးမှုအတုယူ ပြုလေ့များလည်း ပြန့်ပွားလာခဲ့ပြီး ဖြစ်ပေ၏။ ရှေးက ရှင်ပြုပွဲတွင် မြို့ရော တောပါ စည်သံ၊ ဗြောသံ၊ ဆိုင်းသံတို့ဖြင့် နာပျော်ဖွယ် ဧည့်ခံခဲ့ကြသော်လည်း၊ ယခုကား ခေတ်အလိုက် အသံချဲ့စက် တအော်အော်ဖြင့် ကျင်းပနေကြသည်ကိုပါ တွေ့ရှိလာကြရ၏။ ကိုယ့်ရွာ ကိုယ့်ဓလေ့ တီးဝိုင်း များဖြင့်လည်း ပြုလုပ်နေကြပေသေးသည်။ အဟောင်းအသစ် ရောပြွမ်းမှုလည်း မလွှဲရှောင်သာ ရှိကြရမည် ကား ဓမ္မတာတည်း။

ရမ်းဗြဲ၊ မာန်အောင်ဒေသ၌ ရှင်မပြုမီ ညနေတွင် ကာလသား/သမီးတို့ စီမံပြုလုပ်ကြရင်း တစ်ဖက်နှင့် တစ်ဖက် အတင်အချ ကဗျာပညာစမ်းသည်။ ဇမ်းကစားခြင်းဖြင့် အရှုံးမခံ အနိုင်မပေးဘဲ ပျော်စရာအတိ ရှိခဲ့ကြ၏။ ရှင်ပြုပွဲတွင် အထူးရွေးချယ်ရသော ဓလေ့မရှိချေ။ တချို့မှာ ရထားမီးရှို့သော (တပို့တွဲ)လတါင် ရှင်မပြုဘဲ ရှောင်ကြသည်ကို တွေ့ရ၏။ ရှင်အဖြစ်လည်း “စုံ”ကျကို ရှောင်ပြီး “မ”ကျသော နေ့တွင်သာ လိင် ပြန် (ရှင်လူထွက်)ကြရ၏။ ဥပမာ ၇၊ ၉၊ ၁၁ စသောနေ့များတွင်ဖြစ်ကြ၏။

ရှင်သာမဏေဘောင်သို့ ခေတ္တ၀င်သူကို ရခိုင်က မောင်ရှင်ဟုခေါ်၏။ မောင်ရှင်လူထွက်များသည် ရှင်ဘ၀က ရှည်ထွက်ပြုသော ဆံပင်ကို ရိတ်ပစ်လေ့ရှိကြ၏။ အဖော်မိတ်ဆွေများ၊ ကျောင်းသားများက “မောင်ရှင်လူ ထွက် ကလူကွက်၊ ဇာနှင့်စားဖို့၊ ထွက်လတ်တေ”ဟူ၍ ပြောင်လှောင်ပြောကြ၏။ ကလူကွက်ငှက်ကား ဦးခေါင်းထိပ် ပြောင်သလက်ရှိသောကြောင့် ထိုငှက်နှင့် နှိုင်းခိုင်းတင်စား ပြောဆိုခြင်းဖြစ်သတည်း။

အချို့က ခေါင်းတုံးပြောင်ကို ထိပ်ခေါက်ကစေားလေ့ရှိကြသည်။ သို့သော် ခေါင်းတုံးပြောင်ဘ၀ဖြင့် မနေရ ချေ။ ဦးခေါင်းတွင် အ၀တ်စတစ်ခုခုကို ပေါင်းရစ်ထားရ၏။ ထိုသို့ ပေါင်းရစ်မထားလျှင် ထောင်ထွက် (ထောင် ကျသား) အဖြစ် ကဲ့ရဲ့ခံရခြင်း၊ တခြားမကျန်းမမာမှုစသော အကြောင်းကြောင့် ဆံပင်ရိတ်ပယ်ခံရသော နာ လန်ထစနှင့် ရောထွေးထင်မှားနိုင်ခြင်းတို့ ရှိတတ်လေသည်။

ရှေးက အသက်ဆယ်ကျော်လျှင် (၀ိနည်းခွင့်ပြုချက်အရ ကျီးငှက်မောင်နှင်၊ စာခြောက်နိုင်သောအရွယ်) ရှင် ပြုလေ့ရှိခဲ့ကြသည်။

ထိုရှင်လောင်း သူငယ်အား ရှင်လူထွက်ဟု သတ်မှတ်လျက် ဦးခေါင်းတွင် အ၀တ်စတစ်ခုခုနှင့် ပေါင်းရစ်ထား ရသည်။ ထိုကို အစွဲပြု၍ ဆယ်ကျော်အရွယ် ရှင်ကောင်းအရွယ် သူငယ်များကို ဗောင်းတင်သျှေဟု ခေါ်ကြ လေ့ရှိလာခဲ့သည်။ ရခိုင်ထီးနန်း ပျက်သုန်း၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာတွင် အနောက်ပြည် ပင်းဝါ(ရာမူး) သို့ ရောက်ရကြသော ဆရာတော်များအနက် အရစ်ပေါင်း(ဦးရစ်ပေါင်း) ဆရာတော်လည်း တစ်ပါးပါဝင်ခဲ့ရာ ထိုဆရာတော် သီတင်းသုံးခဲ့ရာ ကျောင်းနေရာကို ယခုတိုင် အရစ်ပေါင်း ကျေးရွာဟု ခေါ်စမှတ်ရှိနေကြပေ သေး၏။ ရခိုင်ဘုရင်မင်း၏ သားတော် ဦးရစ်ပေါင်းအရွယ် မင်းသားငယ်၏ ဆရာရင်းဖြစ်သောကြောင့် အရစ် ပေါင်းဆရာတော် ဟူ၏။

ဤစာရေူးသူသည် ငယ်စဉ်ကပင် ရှင်ဝတ်ဆင်လာခဲ့သည်။ အဘိုးအဘောင်တို့ အိုမင်းရင့်ရော်နေပြီးရကား မသေမီ မြေးမြစ်များကို ရှင်ဝတ်ဖြင့် မြင်သွားစေလိုသည်။ ကုသိုလ်အာရုံတစ်ခုကို အမှတ်ရစေသဖြင့် သေခါ နီးဘ၀ပြောင်း ဖြူးဖြောင့်မည်သာတည်း။ ရှင်ပြုဓလေ့၊ ရှင်ပြုပွဲများကား သသနာတည်သရွေ့ ရှိနေကြမည် သာဖြစ်၏။ သားယောက်ျားရရှိလျှင် ရှင်ပြုရန် ရည်မှန်းချက် ရှိလာခဲ့ကြ၏။ မဖြစ်မနေ ကြိုးစား၍ တတ်စွမ်း သလောက် ဆောင်ရွက်ကြရသည်ကား။ ပွဲပြင်ဖြင့် မတတ်နိုင်ထားဘိဦး၊ ကျောင်းထက်ရှင်ခေါ် ဆွမ်းတစ်ပွဲ နှင့်သော်လည်း ကျောင်းပေါ်တင်၍ ရှင်အဖြစ်ကို အရယူစေခဲ့ကြပေ၏။

ရှင်ပြုပွဲ၊ ရှင်ပြုပွဲ သာသနာဘောင် ရောက်အောင် ဆောင်ကြဉ်းပေ။ လူရယ်လို့ဖြစ်လာ သားရှင် မိဘများမှာ ရှင်ပြုရ တာဝန်လည်းရှိကြပေ။ သာသနာ တာဝန်ကျေပြွန်အောင် သားရှင်မိဘများမှန်က ရှင်အဖြစ် သာသ နာတော်ကို သွတ်သွင်း လှူဒါန်းနိုင်ကြရမည် မလွဲပေ။ ရှင်ပြုပွဲများစွာ ကြုံခဲ့ရပေပြီ။ ရှင်ပြုပွဲများမှာ စီမံပေး ခဲ့ရပေပြီ။ ရှင်ပြုပွဲများစွာ ပြုလုပ်ပေးခဲ့ရလေပြီ။ ရှင်လောင်းများစွာကိုလည်း ရှင်ပြုပေးခဲ့ရလေပြီ။ ဤရှင်အ ဖြစ် ရှင်ပြုပွဲစနစ်ကား မဟောင်းနိုင် မရိုးနိုင် မဆိတ်သုဉ်းနိုင် မကွယ်ပျောက်နိုင်သော ဗုဒ္ဓဘာသာ ဘိသိက် တင်ပွဲ၊ ဗုဒ္ဓဘာသာ အမွှမ်းတင်ပွဲ၊ ဗုဒ္ဓသာသနာ အခြေမဏ္ဍိုင် တည်နိုင်ပွဲသာ တကားဟု ၀မ်းသာမျှော်ခေါ် ရှိနေပေသည်။

ထို့ကြောင့် ၁၂-၅-၇၅ နေ့ နတ်မြစ်တွင် ရှင်ပြုပွဲနှင့်ကြုံဆုံရင်း၊ အမှတ်တရဓလေ့ ကဗျာတစ်ပိုဒ်ကို ရေးစပ်မိ လေသည်ကို ဖော်ပြလိုပေ၏။

စည်တော်စိန်း၊ ဗြိန်း-ဗြိန်း
တခြိမ်းခြိမ်း၊ ခြိမ်းသံမြည်
စည်စည်ကားကား၊ ပွဲသံကြား
မောက်သားမောင်
တောင်ပေါ်ကျောင်းမှာ ရှင်ပြုလားရေ
ပရိက္ခရာ၊ ပဒေသာ
မေ့မှာကိုယ်စီ၊ လက်ဆောင်ချီ
အညီတကွ၊ တင့်တယ်လှ
နောက်မှလူပျို၊ အရွေ့ဆို
အပျိုမယ်ရ၊ လွန်အားရ
ဆရာရှင်၊ ထေရ်ကျော်ရင်းမှာ
ရှင်သွင်းရလေ ရှင်သွင်းရ။

ရှင်ပြုမင်္ဂလာ ရတုစာကြိုးတန်း

၁။ မကုဋ ကုဋ၊ တုမရသည်၊ လူ့ဘက်မြတ်ဆရာ (ရွှန်း)
၂။ ဆယ်ဖြာဓမ္မ၊ သာဝက၊ အဌပုဂ္ဂလာကို ။
၃။ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၊ ရှိခိုးကန်တော့ပြီး၍ ။
၎။ ကျေးဇူးတော်ရှင်၊ မွေးသည်မိ ။
၅။ ဂုဏ်အင်ကြီးဘိ၊ ဘပီတာကို ။
၆။ ဒွါရသုံးဖြာ၊ ၀န္ဒာမိ ။
၇။ ပညာအထူး၊ သင်ပေးဖူးသည်၊ ဂုဏ်ထူးမြတ်အာစရိအား ။
၈။ ဆယ်ဖြာညွတ်ကျိုး၊ လက်စုံမိုး၊ ရှိခိုးကန်တော့ပြီး၍ ။
၉။ ပညာရှိတို့၊ နှစ်သိမ့်ရှေးစဉ်လာ ။
၁၀။ ရှင်ပြုမင်္ဂလာ၊ ရတုစာကို ။
၁၁။ ချိုသာအေးမြ၊ ဆိုလိုက်မည်လေ ။
၁၂။ ချိုသာအေးမြ၊ ဆိုလိုက်မလေ (ရွှန်း)
၁၃။ ကြားသူနာသူ၊ သဒ္ဓါဖြူသည် ။
၁၄။ နာသူရောင့်ရဲ နိုင်ဘူးလေ ။
၁၅။ နာသူရောင့်ရဲနိုင်ဘူးလေ၊ နိဒါတ်ပြီးပြီ ။
၁၆။ ရတနာရောင်ညီး၊ အောင်စည်တီး၊ တိုင်းကြီးရွှေကပ္ပီ ။
၁၇။ ခမည်းတော်မြတ်၊ စောနေနတ်၊ မင်းမြတ်အသမ္ဘိန်ကား ။
၁၈။ သမ္ဘာရှိန်သည်၊ ရာဇိန် သုဒ္ဓေါဒန ။
၁၉။ မဂ္ဂမည်ရှိ၊ သီရိမာယာ၊ နန်းဆောင်ညာ၊ မာတာမိခင်မြတ်၍ ။
၂၀။ သုံးလူနတ်၊ လောင်းတ်ြတို့ဆရာည ။
၂၁။ သက်တော်ဆယ့်ခြောက်၊ ရွယ်တော်ရောက်၊ မင်းမြှောက်တင်တော်ရှာသည် ။
၂၂။ ဗိမ္မာယသော်၊ နတ်နှင့်ဆေး ။
၂၃။ နန်းမ သုံးဆောင်၊ စွင့်စွင့်ထောင်သည် ။
၂၄။ ပြောင်ပြောင်မြေက၊ ပေါက်ကဲ့လေ ။
၂၅။ မြေကပေါက်၊ အံ့လောက် နန်းသုံးဆောင် ။
၂၆။ ရမ္မ၊ သုတ၊ သုရမ္မဟူ၊ နာမ တံခွန်ထောင်သည် ။
၂၇။ လူ့ဘောင်တူဖက် ရှိဘူးလေ ။
၂၈။ နတ်တို့နေရာ၊ ၀တိံသာမှ ။
၂၉။ ရှာသော်အလွန် ရှားကဲ့လေ ။
၃၀။ ရမ္မ၊ သုဘ သုရမ္မဟု၊ နန်းမသုံးဆောင်ပေါ် ။
၃၁။ တို့ဘုရား၊ မြတ်လောင်းတော် ။
၃၂။ ပျော်ပျော်စံစားတုန်း ။
၃၃။ သက်တော်ချိုးရေ၊ နှစ်ဆယ့်ကိုးမှာ၊ သတိုးရွှေပန်းကုံးသို့ ။
၃၄။ ချစ်မဆုံးသည်၊ ရွှေတုံးမြတ် သားရတနာကို ။
၃၅။ ဖွားမည်သာ ထိုသည့်နေ့ ။
၃၆။ စိတ်တော်မရွှင်၊ ပန်းဥယျာဉ်ကို ။
၃၇။ ဘုန်းရှင်လည်တော်မူလေး ။
၃၈။ လောင်းမြတ်ဘုန်းမော်၊ ဥယျာဉ်တော်မှာ ။
၃၉။ စိတ်တော်ရွှင်ရွှင်၊ စီးကြောင်းလေး ။
၄၀။ သစ်သီးကစီး၊ ပန်းကမွှေး၊ ပျော်လည်း ပျော်ဖွယ်ရာ ။
၄၁။ ဥယျာဉ်တော်မြတ်၊ ဆယ့်နှစ်ရပ် လှည့်ပတ်ကြွမြန်းလာသော် ။
၄၂။ ရှေးဆီမှာ၊ မြန်စွာကာဆီးဆီး ။
၄၃။ နတ်တို့ပြဟိတ်၊ လေးနိမိတ်၊ ထိတ်ထိတ်သံ ဝေငြီးဖို့ ။
၄၄။ သူအိုကြီး၊ ရှေ့ကလာ ။
၄၅။ သူသေ၊ သူနာ၊ ယပ်ကိုထမ်းလို့ ။
၄၆။ ဆရာရဟန်း၊ ကြွမမြန်းလာ ။
၄၇။ မည်သူမည်ဝါ၊ ငါမသိဟု ။
၄၈။ ၀ါစေယျာသီး ။
၄၉။ ဗျာဒိတ်တော်သံ၊ အာဏံစက်ကို ။
၅၀။ ဦးခေါင်းယှက်တင်၊ ဆယ်ဖြာလက်ဖြင့် ။
၅၁။ ပျောင်းညွတ်တင်တော်ရှာသည် ။
၅၂။ စုံစွာနားလည် ကြောင်းတဲ့လေး ။
၅၃။ ညှိုးရွှေမျက်နှာ၊ မသက်သာသည် ။
၅၄။ လွန်စွာပူပင်၊ ပွားကြောင်းလေ ။
၅၅။ စိတ်တော်မအေး၊ သံဝေစွဲ၊ နေဆဲခဏတွင် ။
၅၆။ တောင်ညာနန်းပျော်၊ မေယသော်၊ သားတော်မြတ်ရွှေစင်ကို ။
၅၇။ ဖွားမြင်ပါကြောင်း၊ သ၀ဏ်တော်ဟု၊ ညွတ်ပျောင်းဆက်သလာသော် ။
၅၈။ နတ်ကြိးသူရိတ်၊ ရာဟုမင်းသည် ။
၅၉။ ဖန်နန်းဘုံရှည်၊ ရွှေလမင်းကို ။
၆၀။ ကျပ်ကျပ်တင်းတင်း၊ ဖမ်းတော်ရှာသည် ပမာထိုထက်၊ ကဲစီးလေ ။
၆၁။ ရာဟုသညာ၊ သားရတနာကို ။
၆၂။ နာမဘွဲ့တော်၊ ပေးစီလေး ။
၆၃။ ရာဟုသည်၊ သားရတနာကို၊ နာမဘွဲ့ပေး၊ စိတ်မအေး ။
၆၄။ ကြာပြန့်မူ၊ ဆာပူတထင့်ထင့် ။
၆၅။ ယနေ့ညပင်၊ တောမြိုင်ခွင်။ အလျှင်ထွက်မှသင့်ဟု ။
၆၆။ စိတ်တော်ချင့်၍ ချိန်သင့် သန်းခေါင်ယံမှာ ။
၆၇။ ဖွားဖက်တော်မှန်၊ မတ်မောင်ဆန်ကို၊ အမ်ြသွား၍နှိုး ။
၆၈။ ငါ့အကျိုး သယ်ပိုးကြလေလို ။
၆၉။ ဖွားဖက်တော်လှ၊ ကဏ္ဍကကို၊ ကကြိုးဆင်ချေ ဆိုသည် ။
၇၀။ မြိုင်ညိုတောသို့၊ ထွက်ကြောင်းလေ ။
၇၁။ မကြာမတင်၊ ယနေ့ပင်လျှင် ။
၇၂။ အသျှင် ရဟန်းပြုကြောင်းလေ ။
၇၃။ ရဟန်းပြုကြောင်း၊ မိန့်တော်ညောင်း ထပ်လောင်း ငဆန်တင် ။
၇၄။ တော်ဘူးသခင်၊ သားရွှေစင်ကို၊ ဖွားမြင်ယနေ့ည ။
၇၅။ သွေးသံနုနယ်၊ ရာဟုမေမှာ၊ ခက်ဖွယ်မှန်မုခချဟု ။
၇၆။ အကြောင်းမူ၊ ပေါင်းစုတင်လေသော် ။
၇၇။ မတားနှင့်ဖွားဖက်၊ မတ်မောင်ဆန် ။
၇၈။ လျင်စွာခဏ၊ ဖွားဖက်လှ၊ ကကြိုးဆင်၍လာသော် ။
၇၉။ ထပ်ခါထပ်ခါသည်၊ အာဏာသံညောင်းညောင်း ။
၈၀။ မိန့်တော်မကြာ၊ မပယ်သာသည် ။
၈၁။ လွယ်စွာပြင်၍ ပြီးကြောင်းလေ ။
၈၂။ ကျွန်ရှင်သုံးဖော်၊ တူပျော်ပျော်သည် ။
၈၃။ ချိန်တော်သန်းခေါင်ကြီး၌လေ ။
၈၄။ ချိန်တော်သန်းခေါင်၊ ညဥ့်နက်မှောင်၊ ဘုန်းခေါင်ထွက်ဆဲဆဲ၌ ။
၈၅။ သံသရာဝဲ၊ ကန္တာခဲမှ၊ အမြဲနှောင်၍လာ ။
၈၆။ သံယောဇဉ်ထယ်စင်း၊ ကြိုးတင်းလင်း၊ အတင်းချည်နှောင်လာသို့ ။
၈၇။ ရင်သွေး ရတနာ၊ ရာဟုလာ၊ နန်းလျာမောင်သက်စုအား ။
၈၈။ မြင်ပါချင်မှု၊ စိတ်တော်ညု(ငြု)၊ ဖြေမှုအတန်တန် ။
၈၉။ စိတ်တော်မပြယ်၊ လောင်းဘန်းဝေမှာ၊ ကြာခြည်သွား၍လှစ် ။
၉၀။ သားတော်မေတော်၊ တူနှစ်ဖော်၊ စက်တော်ပျော်တုန်းခိုက် ။
၉၁။ ရင်သွေးမျက်နှာ၊ လစကြာကို၊ ရာဇာရိမြင်လိုက်က ။
၉၂။ အသည်းနစ်အောင်၊ စွဲချစ်ဘလောင်ဆန် ။
၉၃။ မြင်၍မ၀၊ သားပန်းခိုင်ကို၊ ချတိုင်းနှမ်းချင်လှဟု ။
၉၄။ မြတ်ဗုဒ္ဓ၊ လောင်းလှဗုဒ္ဓကူ ။
၉၅။ စိတ်တော်ကိုထိန်း၊ အာရုံသိမ်း၊ ထွက်ကိန်းဆင်တော်မူ ။
၉၆။ ပြည်သူ အိပ်ပျော်တုန်း၌လေ ။
၉၇။ သံယောခြူခြာ၊ ပူဆာဆာသည် ။
၉၈။ ရာဇာကြံတော်၊ ပျက်လုလေ ။
၉၉။ စိတ်တော်ကိုထိန်း၊ မြင်းကိုစိမ်း၊ ထွက်ကိန်းဆင်ကာ၊ ထွက်လာမြန်စွာထိုခဏ ။
၁၀၀။ ဗိုလ်တစ်ထောင်အား၊ မြို့တံခါးကို၊ နတ်များကူဖွင့်ကြ၍ ။
၁၀၁။ ချမ်းမြသာယာ၊ ကြွတော်ရှာ၊ ဒေ၀ါနတ်အများ ။
၁၀၂။ မီးခိုး၊ မီးဝါ၊ မီးပြာ၊ မီးစိမ်း၊ တထိန်ထိန်ညီး၊နတ်ဆီမီးကို ။
၁၀၃။ ထွန်းညီးပျော်ပျော်၊ လောင်းတော်ကြွမြန်း၊ ကန္တာလမ်းသို့ ။
၁၀၄။ ၀ိုင်းဝန်းပို့တော်ရှာသည် ။
၁၀၅။ ခေမာအငူကမ်းသို့လေ ။
၁၀၆။ နတ်လူဗြဟ္မာ၊ ငုံတျာတျာသည် ။
၁၀၇။ လွယ်စွာအမြန်၊ ပွင့်ကြောင်းလေး ။
၁၀၈။ ဝေနေယျတြာ၊ ဗိုလ်သတ္တ၀ါသည် ။
၁၀၉။ အောင်ချာရွှေမြို့၊ ဆိုင်ကြောင်းလေ ။
၁၁၀။ ရှင်ပြုမင်္ဂလာ၊ ရတုစာ၊ ကြိုးတန်း၊ တောထွက်ခန်းသည် ။
၁၁၁။ တစ်ခန်း ဤတွင်ရပ်၏လေး ။
၁၁၂။ တစ်ခန်း ဤတွင်ရပ်၏လေး ။
၁၁၃။ ကြားသူနာသူ၊ သဒ္ဓါဖြူသည် ။
၁၁၄။ နာသူသာဓု၊ ခေါ်၏လေး ။
၁၁၅။ နာသူသာဓု၊ ခေါ်၏လေး ။

ရှင်ပြုမင်္ဂလာ ရတုစာကြိုန်းတန်းပြီးပြီ။

မှတ်ချက်။ ။ ဤကြိုးတန်းရတုစာကို မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်း၊ နန်းကျားကျောင်းဆရာတော် ဦးသုန္ဒရထံမှ ကျေးဇူးပြုသည်။

အသျှင်စက္ကိန္ဒ (ရခိုင်ပြည်)

About khaingkyawsan009@gmail.com
I have Interest on Computer's Technique And I Like To listen Cold Songs.Listening To Song Is giving Relaxation For Me.I Feel,Listening To Songs Is Like Freedom။ I Think,Songs Can Give Portability In My Mind. I Created This Music Site On 11 January 2011 To Can Listen By Everyone.IF You Get New Songs,Please Send InTo My Mail.Thank You All.Coming AGain။

Comment များပေးနိုင်ပါသည်။သင်ပေးခဲ့သောComment များအား ဖျက်ပစ်လိမ့်မည်မဟုတ်ပါ။

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: